ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သော
ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်….. ၄င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s
Teaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်
အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာ
ဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်..
ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….
ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်
လို့ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကိုကိုးကွယ်
ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ်သရဏဂုံဆောက်တည်ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်
တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏
ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို
သေချာ နားလည်သဘောပေါက် လောက်ပါပြီ… ကျနော်သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် …
သရဏဂုံမှာလည်းနှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် …
လောကုတ္တရာ သရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်…

သံသရာစက်ဝိုင်းကို ဖောက်ထွက်၍ နိဗ္ဗာန်သို့ကူးရသည်မှာ အလိုလို ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်ပေ။ ကျိုးကြောင်းဆင်ခြင်မှု ဆိုသော ဒသနနည်းဖြင့် ချဉ်းကပ်၍ ရသည်လည်း မဟုတ်ပေ။ ဘ၀၏အစစ်အမှန်တရားကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်ရန် ကြိုးပမ်းရသော ၀ိပသနာလမ်းကြောင်းဖြစ်ပါသည်။ ဤသည်မှာလည်း နေ့ချင်းညချင်းနှင့် ရုတ်တရက်ရနိုင်သော အကျိုးရလဒ်ဟု ယူဆ၍ မရနိုင်ပါချေ။(ပါရမီရင့်သန်ပြီးသူ အချို့သာ ခြွင်းချက်အဖြစ် ရှိနိုင်ပါသည်။)တစ်ဆင့်ပြီး တစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ရသည်က များပါသည်။
ဤသို့ဖြစ်ရသည်မှာ သံသရာတွင်ကျင်လည်နေရသော လူ(သတ္တ၀ါ)တို့မှာ ကြိုးဆယ်ချောင်းဖြင့် နှောင်ကြိုးတည်းခံထားရသောကြောင့် ဖြစ်ပါသည်။ ဤကြိုးဆယ်ချေင်းကို ဗုဒ္ဓကျမ်းဂန်များက ကိလေသာဆယ်ပါး (Ten Cords of Bondage) ဟု ရေတွက်ပြပါသည်။ ဤသည်တို့မှာ -
(၁) လိုချင်တပ်မက်ငြိတွယ်ခြင်း (လောဘ)
(၂) စိတ်ဆိုး ၊ အမျက်ထွက်ပူလောင်ခြင်း (ဒေါသ)
(၃) အမှန်အတိုင်း မသိမမြင်နိုင်ဘဲ တွေဝေခြင်း(မောဟ)
(၄) မိမိကိုယ်ကိုယ် အရှိထက်ပို၍ ထင်မှတ်မှားခြင်း(မာန)
(၅) အစွဲအလမ်း အခုအခံများဖြင့် အသိမှား အယူမှားခြင်း(ဒိဌိ)
(၆) အမှန်တရားအပေါ် ယုံမှားသံသရာ ဖြစ်ခြင်း(၀ိစိကိစ္ဆာ)
(၇) လေးလံထိုင်းမှိုင်းသောစိတ်(ထိနမိဒ္ဓ)
(၈) ပျံ့လွင့်သောစိတ်(ဥဒ္ဓစ္စ)
(၉) မကောင်းမှုလုပ်ရသည်ကို မရှက်တက်ခြင်း (အဟိရိက)
(၁၀) မကောင်းမှုလုပ်ရသည်ကို မကြောက်လန့်ခြင်း (အနောတ္တပ္ပ)

သတိဆိုတဲ့ စကားလေးဘာလို့ ပြောရလဲ ဆိုတာလေးကို သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ စကားလေး တစ်ခွန်းနဲ့ မိတ်ဆက် ပေးပါ့မယ်..။ ဆရာတော်ဘုရားကြီးက ဘယ်လို ဆုံးမထားလဲဆိုတော့.. ဟဲ့.. ဒကာတွေ ဒကာမတွေ.. ဘယ်အလုပ်ပဲ လုပ်လုပ် နွားလိုမလုပ်နဲ့.. နွားဟာ လူတွေစားဖို့အတွက် လယ်တွေလည်း ထွန်ပေးရ.. နွားနို့လည်း ထုတ်ပေးရ.. ပြီးရင် သူ့အသား အဆီအနှစ်ကိုလည်း လူတွေက စားကြသေးတယ်.. ဒါပေမယ့်.. နွားတွေမှာ ဘာကုသိုလ်မှလည်း မရ ဘာအကျိုးမှလည်း မခံစားရဘူး။ ဘာလို့လည်းဆိုတော့ သူတို့တွေဟာ ဘယ်အလုပ်ပဲလုပ်လုပ် သတိဥာဏ်ဆိုတဲ့ ပညာမရှိလို့ပဲ။ ဒါ့ကြောင့် မှတ်ထားကွဲ့.. ဘယ်အလုပ်မဆို သတိဥာဏ်ဆိုတဲ့ ပညာလေးနဲ့ အမြဲတမ်းလုပ်ပါ တဲ့။ မှန်လိုက်တဲ့ စကားတစ်ခွန်းပါပဲ..။ ဘုရားရှင်ရဲ့ နောက်ဆုံးစကားမှာလည်း သတိရှိပါဆိုတဲ့ စကားလေးနဲ့ပဲ နောက်ဆုံး ဆုံးမစကား ပေးသွားတာပဲ မဟုတ်ပါလား။ ဒါဘာလို့လည်း.. လူတိုင်း လူတိုင်းအတွက် သတိဟာ အင်မတန် အရေးကြီးပါတယ်။ သတိမမူ ဂူမမြင်.. သတိမူရင် မြူတောင်မြင်တယ် တဲ့။ အဲ့စကားလေးက ရိုးရိုးလေးပဲနော်..။ ဒါပေမယ့်.. တွေးကြည့်ရင် အင်မတန် နက်နဲပါတယ်။ သတိမမူရင် ဂူမမြင်ဆိုတာ ဘာလည်းဆိုတော့.. ဒီစာသားရဲ့ အဓိပ္ပါယ်က လူတွေဟာ သတိမရှိတဲ့အတွက် သေရမှာကိုတောင် မမြင်ကြဘူး.. မေ့နေကြတယ်တဲ့။ ဟိုလိုမျိုး အုတ်ဂူဖြူဖြူကို ပြောတာမဟုတ်ပါဘူး.. တကယ်က ကိုယ်သေမဲ့ အုတ်ဂူကို မမြင်ကြတာကို ပြောတာပါ။ သတိရှိခိုင်းတယ်ဆိုတာ တကယ်တော့ ကိုယ်သေရမှာကို သတိရပြီး ကုသိုလ်တွေ များများ လုပ်ဖြစ်အောင် တိုက်တွန်းနေတဲ့ သဘောလေးပါပဲ။ ဘယ်အလုပ်ပဲ လုပ်လုပ်.. ဘုရားအဆုံးအမ အတိုင်း လိုက်နာ ကျင့်ကြံပြီး သတိလေးနဲ့ လုပ်နေတဲ့ လူတစ်ယောက်ဟာ… တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နေတာနဲ့ အတူတူပါပဲ။ အခုပြောမှာကလည်း တန်ဖိုးရှိတဲ့ သတိတစ်လုံးကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်သွားတဲ့ အကြောင်းပါ…။။။