မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားလာပုံ (အပိုင်း ၁)
ဒေါက်တာ သန်းထွန်း ဗုဒ္ဓ
(၅၆၃-၄၈၃ ဘီစီ) သက်တော်ထင်ရှား ရှိတုန်းကတည်းက မြန်မာကို ဗုဒ္ဓ၀ါဒရောက်လာပုံကို၊ အမျိုးမျိုးပြောကြပါတယ်။ မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတယ်ဆိုရင် ရောက်ရာအရပ်မှာ ပူဆွေးဒုက္ခရောက်သူ တစ်ဦးဦးကိုဖြစ်ဖြစ်၊ သတ္တ၀ါအများကို ဖြစ်ဖြစ်၊ စိတ်ချမ်းသာရအောင် ဆုံးမသွန်သင်လိုလို့ ဖြစ်ဖြစ်၊ ကြွလာတာ ဖြစ်ပါတယ်။ ဘ၀ရှင်သန်နေလို့ တွေ့ရတဲ့ ဒုက္ခတွေက ကယ်တင်လိုတဲ့အတွက် ဖြစ်ပါတယ်။ မြန်မာအနောက် ပင်လယ်ကမ်းခြေက ရခိုင်ကို မြတ်စွာဘုရား ကြွလာလို့ ရခိုင်မင်း ကြေးလောဟာနဲ့ မြတ်စွာဘုရား ပုံတူလုပ်ယူခွင့် ရလိုက်ပါတယ်လို့ ဆိုပါတယ်။ မြန်မာအလယ်ပိုင်းက လူတွေကလည်း သူတို့ဆီက လယ်ကိုင်းကို မြတ်စွာဘုရား ကြွလာပြီး တရားဟောလို့ လူရောနတ်ပါ အများကြီး အကျွတ်တရားရကြတယ်လို့ ဆိုပါတယ်။ တောင်ထိပ်မှာ ရပ်တော်မူပြီး သာသနာဘယ်နှစ်ကိုရောက်ရင် ဘယ်မင်းက ဒီနေရာမှာ မြို့ကြီးတည်မယ်၊ ဗုဒ္ဓသာသနာထွန်းကားမယ်လို့ ဗျာဒိတ်မြွတ်ကြားသွားတယ်လို့လဲ ယုံကြတယ်။ မြန်မာအောက်အရပ်က ကုန်သည်စွန့်စားသူ နှစ်ဦးက ဗုဒ္ဓဂါယာကိုရောက်တော့ သဗ္ဗညုတဉာဏ်ကိုရပြီးစ ဗုဒ္ဓရဲ့ ဆံတော်နဲ့ အထက်ဘုရားနှစ်ဆူရဲ့ အသုံးအဆောင်တွေကို ဌာပနာပြီး စေတီတည်တယ်။ တကယ်တော့ ဒီနှစ်ယောက်ဟာ သြရိဿနယ်က ဖြစ်ဖို့များပါတယ်။ သုတေသနနယ်ပယ်က ကြိုးစားရှာဖွေစုံစမ်းတဲ့အခါ ခရစ်နှစ် ၇၆ ထက်စောပြီး မြန်မာပြည်မှာ ဘယ်ဘုရားရုပ်ထုမှ မရှိပါ။ အဲဒီလိုပဲ သီရိဓမ္မာသောက (အသောက၊ ၂၇၄-၂၃၂ဘီစီ) ထက်စောပြီး ဘယ်စေတီ ပုထိုး၊ မုဋ္ဌေမှ မရှိဘူးပါ။ အသောကမင်းက ပိဋကမှာရှိတဲ့ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ကို ရည်ညွှန်းပြီး စေတီပေါင်း ၈၄၀၀၀ ကို မြတ်စွာဘုရားရဲ့ သရီရဓာတု ဌာပနာပြီး တည်တယ်လို့ ဆိုတယ်။ အဲဒီလို ပြောကြတာမှာလည်း သမိုင်းဖြစ်စဉ်နဲ့ စကားရှေ့နောက် မကိုက်တာတစ်ခုကို တွေ့ရပြန်ပါတယ်။ ပိဋက သုံးပုံကို သီရိလင်္ကာမှာ ပေထက် အက္ခရာတင်တာက ၃၃ ဘီစီဖြစ်လို့ စာနဲ့ချ မရေးမီက စာပိုဒ်ဘယ်လောက်ရှိတယ်ဆိုတာ၊ ပါတယ်ဆိုတာ ဘယ်လို သိနိုင်ပါသလဲလို့ မေးစရာရှိပါတယ်။ အသောကမင်းက ဗဟိုအိန္ဒိယအပြင် ကိုးတိုင်း ကိုးဌာနက မထေရ်ကြီးတွေ ဦးဆောင်ပြီး သာသနာပြု လွှတ်တယ်ဆိုရာမှာလည်း ဘယ်နေရာကို၊ ဘယ်ကိုယ်တော်ကြွရတယ်လို့ စာရင်းရှိပါတယ်။ ကျောက်တောင်ပေါ်က ကျောက်မျာနှာပြင်မှာ ကျောက်စာ တစ်ဆယ့်သုံးခု ရေးထိုးခဲ့တယ်။ ဒီစာရင်းမှာ သောဏ နဲ့ ဥတ္တ့ရခေါင်းဆောင်တဲ့ သုဝဏ္ဏဘူမိခရီးကြောင်း မပါပါ။ ပြီးတော့ ပါဠိ အဋ္ဌကတာ ဋီကာတွေက သုဝဏ္ဏဘူမိကို စုမတြကျွန်းပေါ်မှာရှိတယ်လို့ ညွှန်းထားပါတယ်။ အင်မတန်ကျော်ကြားတဲ့ ပါဠိနာမည်အဘိဓါန် ကို ပြုစုတဲ့ မလ’သေကြက သုဝဏ္ဏဘူမိဟာ ငါတို့ဆီမှာရှိတယ် (မွန်ကသထုံ၊ ယိုးဒယားက နဆောင်ပထ) လို့ဇွတ်ပြောနေတဲ့ အယူအဆတွေကို မဆန့်ကျင်လိုတဲ့ သဘောထားရှိဟန် တူပါတယ်။ (သူတို့အယူအဆ မှားတယ်ဆိုတာတော့ သိမှာပါ) ဒါပေမဲ့ မွန်ဆရာတော်တစ်ပါး ဖြစ်တဲ့ တောင်ပေါက်ဆရာတော် (မော်လမြိုင် တောင်ပေါက်ကျောင်း)က အိန္ဒိယမှာ နှစ်ပေါင်းများစွာ လှည့်လည်စုံစမ်းရှာဖွေပြီး၊ သုဝဏ္ဏဘူမိဟာ စုမတြမှာဖြစ်တယ်လို့ ဆရာတော်ပြုစုတဲ့ ဗုဒ္ဓသာသနာ ပထ၀ီဝင်ကျမ်းမှာ မြေပုံတွေနဲ့ ရှင်းလင်းဖော်ပြ ထားခဲ့ပါတယ်။ အခုပြောပြတဲ့ အချက်တွေကြောင့် ဗုဒ္ဓသာသနာဟာ ကျွန်တော်တို့ဒေသကို ဘယ်အချိန်က၊ ဘယ်နေရာမှာ စတင်ရောက်ရှိလာတယ်လို့ သုတေသီတွေအနေနဲ့ ပြောဖို့ခက်ပါတယ်။
မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားလာပုံ (အပိုင်း၂)
ပျူလူမျိုးတွေက မြေပုံဘုရား (အများအခေါ်အုတ်ခွက်) တွေ ထားခဲ့တယ်၊ သူတို့က ခရစ်လေးရာစုနှစ်က ကိုးရာစုနှစ်ထိ (အညာ ဟလင်းက၊ အောက်ပြေ မြစ်ဝကျွန်းပေါ်ဒေသ တွေအထိ ကျယ်ပြန့်တဲ့) ပိုင်နက်အတွင်း ဗုဒ္ဓသာသနိက အဆောက်အအုံတွေမှာ ဒီမြေပုံဘုရားကို အရွယ်အမျိုးမျိုး၊ ပုံအမျိုးမျိုးနဲ့ ပြုလုပ်တဲ့အခါ၊ မြတ်စွာဘုရားပုံတော်နဲ့ ယေဓမ္မာဟေတုပ္ပဗ္ဗ၀ါ ဂါထာကို ဒေ၀နာဂရီလက်ရေးနဲ့ မြေပုံဘုရားမျက်နှာဘက်မှာ ရေးထားတယ်။ ပြီးတော့ ကျောဘက်မှာ မြေပုံဘုရားကို ပြုလုပ် လှူဒါန်းသူရဲ့ နာမည်ကို ရေးထားလေ့ရှိပါတယ်။ အဲဒီမြေပုံဘုရားကိုစွဲပြီး ပျူတွေဟာ ခရစ်တစ်ရာစုနှစ်ကစပြီး ဗုဒ္ဓသာသနာဝင်တွေ ဖြစ်တယ်။ ဒါထက်တောင် စောချင်စော နိုင်တယ်။ အောက်ပိုင်းမြန်မာကို ရောက်နေတဲ့ မွန်ခမေရ်ဘာသာ စကားပြောသူတွေထဲက မွန်တွေဟာ ပထမဗြဟ္မဏ၀ါဒီ၊ နောက်ခရစ် ခုနှစ်ရာစုနှစ်ကစပြီး ဗုဒ္ဓ၀ါဒီဖြစ်ခဲ့တယ်။ အဲဒီတော့ စောစောကပြောသလို သီရိလင်္ကာမှာ ခရစ်မပေါ်မှီ ၃၃ နှစ်က ပိဋကကို ပေထက်အက္ခရာတင်ခဲ့တာ ဖြစ်ပေမဲ့၊ ပျူနိုင်ငံရယ် လို့ ထင်ရှားတဲ့ ခရစ်၎ရာစုက ၉ရာစုနှစ်အတွင်းမှာ အက္ခရာတင်ပြီး ပိဋကကို အစုံလိုက် ကူးယူလာတာ မရှိသေးဘူး။ အန္တ္တာရယ်ကင်းရွတ်ဆိုဖို့ သုတ္တန်ဒေသနာထဲက ထုတ်နှုတ်ထားတဲ့ အပိုဒ်ကလေးတွေပဲ ရွှေပြား၊ ကျောက်ပြား၊ ရွှံ့ပြားပေါ်မာ ရေးထွင်းပြီး အိမ်တံခါးဝ၊ မြို့တံခါးဝမှာ၊ ကျောက်ပြားမှာ ရေးပြီး စိုက်ထားမယ်၊ ရွှေပြားမှာရေးပြီး အမွန်အမြတ် သိမ်းထားမယ်။ ဒီလိုကောက်နုတ်ချက်တွေ ယူလာတဲ့ လူတွေက ကုန်သည်၊ မြို့သစ် ရွာသစ်တည်သူနဲ့ သင်္ဘောသားတွေ ဖြစ်မယ်ထင်ပါတယ်။ အိန္ဒိယဓလေ့တွေကို အတုခိုးလိုက်နာ ကျင့်ကြံချင်လို့ တိုင်းရင်းသားက လူလွှတ်ပြီး ကူးယူခဲ့တာလည်း ဖြစ်မယ်။ အိန္ဒိယက စာရေးနည်းပညာက မွန်တွေ၊ ပျူတွေဆီကို ခရစ်လေးရာစုနှစ် လောက်ကစပြီး ရောက်နေပြီဖြစ်လို့၊ ဒီက သီရိလင်္ကာကို လူလွှတ်ပြီး ကူယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ အိန္ဒိယက သာသနာပြုတွေ လာမှ ဗုဒ္ဓသာသနာဝင်ဖြစ်တယ်၊ ဗုဒ္ဓကျမ်းတွေကို တွေ့ဖူး၊ သုံးဖူးရတယ် ဆိုတဲ့ အယူအဆကို ပြင်ရမှာဖြစ်ပါတယ်။ လူလွှတ်ယူရတယ် ဆိုတဲ့ စကားကို ရှင်းချင်ပါသေးတယ်။ တိုက်ရိုက်သုံးနိုင်တဲ့ သက်သေ သာဓကမရှိပါ၊ ဒီက (မြန်မာပြည်က) မင်းအခေါ်ခံသူတွေက }} လက်အောက်ခံ (ကျေးတော်မျိုး၊ ကျွန်တော်မျိုး) နဲ့ ငါတို့နဲ့လာမနှိုင်းနဲ့၊ ငါတို့က ကမ္ဘာဦး မဟာသမ္မတ အနွယ်က အစဉ်ဆက်မပြတ် သက်ဆင်းလာတာ၊ သကျသာကီဝင်မင်းမျိုးတွေ ဖြစ်တယ် }} လို့ ပြောလိုတယ်။ အိန္ဒိယက မင်းဧကရာဇ်တွေ နေသလို (နေ့စဉ် အစားအသောက် အနေအထိုင်အထိ) နေမယ်လို့ ဆုံးဖြတ်ပြီး၊ ထီဟန် နန်းဟန်ကို ဦးဆောင်ပြီး လုပ်တတ်တဲ့လူ (ဗြဟ္မဏတွေကို လက်သုံးကျမ်းပါ အတူယူလာခဲ့လို့) ဖိတ်တာကစပြီး နည်းနည်း နည်းနည်း ကျိုးတိုးကျဲတဲ ရောက်လာတာ ဖြစ်မယ်။ ဒီလိုနဲ့ ပျူရယ်၊ မွန်ရယ် အုပ်ချုပ်သူကစပြီး ဗြဟ္မဏ ၀ါဒီတွေ ဖြစ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားလာပုံ (အပိုင်း၃)
မြန်မာအနောက်ဘက် ပင်လယ်ကမ်းခြေက ရခိုင်ဆိုရင် ရှစ်ရာစုနှစ်ဦးက သက္ကတဘာသာစကားနဲ့ ကျောက်စာ တစ်ခုရေးထိုးခဲ့ရာမှာ၊ သူတိုဘုရင်က စန္ဒြမျိုး၊ သူတို့က သီဝနတ်မင်းကို စောစောက ကိုးကွယ်ခဲ့တယ်၊ နောက် (၇ရာစုနှစ်၊ ၈ရာစုနှစ်လောက်ရောက်မှ) ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ ကျွန်းပေါ်ဒေသတွေက မွန်နဲ့ပျူတွေက ဗိဿနိုးနက်မင်းကို ကိုးကွယ်သူများမယ်လို့ ထင်ရပါတယ် (ရှာဖွေ့တွေ့ရှိခဲ့သော ဒင်္ဂါးတွင် ခပ်နှိပ်ထားသည့် သင်္ကေတ တံဆိပ်များအရ)။ ဗြဟ္မဏ၀ါဒကို မွန်တွေက အခု ကမ်ဖုချနဲ့ ထိုင်းဒေသ (မဲနမ်မြစ်ဝှမ်း ယဉ်ကျေးမှု) တွေက ရခဲ့တာလို့ ယူဆရင်လည်း ဖြစ်နိုင်စရာရှိပါတယ်။ ဒီလိုဘဲ မဟာယာနသာသနာကိုလည်း အရင် ဖူနမ် (ကမ္ဘောဒီးယား) က ရမယ်။ အိန္ဒိယ အရှေ့မြောက်ကလည်းရမယ်လို့ ယူဆရပါတယ်။ သူတို့ဟာ ဗုဒ္ဓသာသနာကို လက်ခံတယ်လို့ ဆိုပေမဲ့ မိရိုးဖလာ နတ်ကိုးတာမျိုးကို မစွန့်လွှတ်ပါ။ စွန့်တယ်လို့ ပြောဖို့မလိုဘူး၊ ရတနာသုံးပါးကို ဆည်းကပ်တယ်လို့ ပြောရင်ပြီးတယ်။ ရဟန်းသံဃာကွယ်ရာမှာ ရိုးရာကိုးကွယ်မှု လုပ်မြဲလုပ်မယ် (ယခု အိမ်တွင်းမင်းဟာဂီရိ နဲ့ ဦရှင်ကြီး ကိုးကွယ်သလို)၊ ရဟန်းသံဃာတွေကလည်း အကြပ်အတည်း လိုက်ပြီး မပိတ်ပင် မတားဆီးဘူး၊ သမအောင် (ဗာဘငလေူနညခန) အလိုက်အထိုက် နေသွားကြတယ်။ ယနေ့အထိ ထေရ၀ါဒီတွေလို့ ပြောပေမဲ့ သိသိသာသာရော မသိမသာ ရိုးရာဓလေ့ (တရားပွဲတွင် သာသနာပွဲ စသော ကတော့ပွဲပြင်ခြင်း) တွေ၊ ဟိန္ဒူဓလေ့ (သူရဿတီ ကိုးကွယ်ခြင်း)၊ မဟာယာနဓလေ့ (ပါဋိတော်များတွင် ဥုံခံ၍ဖတ်ခြင်း ရွတ်ခြင်း) တွေကို လုပ်နေကြပါတယ်။
မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားလာပုံ (အပိုင်း၎)
အရေးကြီးတဲ့ ပြဿနာကို အခုတင်ပြလိုပါတယ်။ အဲဒါကတော့ မြန်မာဘက်ကို ပိဋကသုံးပုံရေးသားပြီး ဘယ်အချိန်က ရောက်သလဲဆိုတဲ့ အချက်ပါပဲ။ အချို့က ဗုဒ္ဓဃောသ၊ တချို့က အရဟံ နဲ့ အနုရုဒ္ဓတို့ကျေးဇူးပဲလို့ ပြောကြ ရေးကြတယ်။ အရဟံကစပုံကို ပါးစပ်နဲ့ ပြောတာ ဖြစ်ပြီး။ ဓမ္မစေတီမင်းခေါ် ရာမာဓိပတိ လက်ထက် ၁၄၈၀ မှာ ရေးထိုးတဲ့ ကလျာဏီ သိမ်ကျောက်စာမှာစပြီး အက္ခရာတင်တာ တွေ့ရပါတယ်။ ခေတ်ပြိုင်မှတ်တမ်းမဟုတ်ပါ။ အများအခေါ် ကျန်စစ်သား (ထီးလိုင်မင်း ၁၀၈၄-၁၁၁၃) လက်ထက် မွန်ဘာသာရေးထိုးတဲ့ ကျောက်စာမှာ သားတော်ရာဇကုမာရကို ပိဋက အစစ်ဆေးလုပ်ခိုင်းတယ်။ နိုင်ငံခြားကရောက်တဲ့ ပုဏ္ဏားပညာရှင်၊ တိုင်းရင်းသား ရဟန်းပညာရှင်တွေ စုပြီး (၁) ပိဋကကို သီရိလင်္ကာအက္ခရာက ပျူနဲ့မွန်က ဆင်းသက်တဲ့ မြန်မာအက္ခရာနဲ့ ဖလှယ်ရမယ်၊ (၂) ပြီးတော့ ပါဠိမြန်မာတွဲရက် အနက်ပြန်ရမယ်၊ ဒီလိုလုပ်နိုင်ပါမှ }}သာသနာ ငါးထောင်တည်မယ်}} လို့ယူဆကြတယ်။ အရင်က ဘိက္ခုရှိသလို ဘိက္ခုနီရှိတယ်။ သာသနာ ၁၀၀၀ မှာ ဘိက္ခုနီ မရှိတော့ဘူး ဆိုပေမဲ့၊ မဟာယာန၀ါဒီတွေမှာ ဘိက္ခုနီတွေ ရှိနေဦးမယ်။ ကျန်စစ်သား လက်ထက်မှာသာမက ပုဂံပျက်စီတဲ့အထိ ရှိနေမယ်လို့ ကျောက်စာတွေက ပြနေပါတယ်။
အနေကဇာတင်ခြင်း။ ။ ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များကို အနေကဇာတင်ပြီးမှ ကိုးကွယ်ရမည်ဟု တရားသေ မမှတ်သင်.ပါ။(၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်များနှင်. ကိုက်ညီသော ရုပ်ပွားတော်များကို ဖူးတွေ.ရသောအခါ သက်ရှိထင်ရှားဘုရားရှင် ကို ဖူးမြင်ရသကဲ.သို. ကြည်ညိုသဒ္ဓါ ဖြစ်စေရန်သာ ဖြစ်သည် ။ အနေကဇာမတင်ရသေးသော်လည်း ထက်သန်သော သဒ္ဓါစိတ်ဖြင်. သိဒ္ဓတ္ထမင်းသားဘ၀ နန်းစည်းစိမ်ကိုပင် စွန်.ကာ သဗ္ဗညုတဥာဏ်တော်ရတော်မူပြီးသော ဘုရားရှင်၏ ဂုဏ်တော် (၉)ပါးကို ရည်စူးရှိခိုးလျှင် ဘုရားရှိခိုးပူဇော်ခြင်း ပြည့်စုံပါပြီ။ ဘုရားရှင်၏ ဂုဏ်တော် (၉)ပါးကို ရည်စူးရှိခိုးရခြင်းသာ လိုရင်းဖြစ်သောကြောင်. ရွှေ ၊ငွေ၊မြ ၊သစ်သား၊ကျောက် ဘုရား ကွဲပြားမှု မရှိပါ ။ ရုပ်ပွားတော်များကို အာရုံပြုပြီး သဒ္ဓါစိတ်ဖြင်. ရှိခိုးရခြင်းသာ ဖြစ်ပါသည်။ အနေကဇာတင်ခြင်းအစဉ်အလာ ။ ။ အနေကဇာတင် ဟူသော စကားသည် ဗုဒ္ဓမြတ်စွာ အရဟတ္တမဂ်ဥာဏ် ( သဗ္ဗညုတဥာဏ်တော်) ကို ရတော်မူပြီးနောက် ဘုရားအဖြစ်သို.ရောက်ရှိခြင်းအတွက် ၀မ်း မြောက် စွာဖြင်. ကျူးရင်.တော်မူခဲ.သော အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ...... စသော ဂါထာတော်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤဂါထာကို ရွတ်ဆိုခြင်းဖြင်. ဆင်းတုတော်ကို ဘုရားရှင်အစစ်ကဲ.သို. သဘောထားမှတ်ယူကြသည်။ အိန္ဒိယပြည်တွင် ဗုဒ္ဓဘာသာဝင်တို.သည် ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီးနောက် ဘုရားရှင် ကိုယ်စားကိုးကွယ်ရန် စဉ်းစားရှာကြံခဲ.ကြသည်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကပင် ဗောဓိညောင်ပင်ကို ဘုရားရှင် ကိုယ်စား ကိုးကွယ်ခဲ.ကြသည်။ဓထူပါ ဟုခေါ်သော စေတီများကိုလည်း တည်ဆောက်ကိုးကွယ်ခဲ.ကြသည်။ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီး နှစ် (၂၅၀) ကျော်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဓမ္မစကြာပုံတော်များ ဖြန်.ဝေစေလျက်ကိုးကွယ်စေခဲ.သည်။ မဟာသက္ကရာဇ် ( ၁၄ ပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်ပေါင်း (၄၀၀) အကြာ စတုတ္ထသံဃာယနာ မတိုင်ခင်တွင် အိန္ဒိယပြည်၊အနောက်မြောက်ဘက် ဂန္ဓာရနှင့် ယောနက တိုင်းသား ယွန်းလူမျိုးတို.သည် ဘုရားပုံတူထုလုပ်ကိုးကွယ်ရန် ကြံစည်အားထုတ်ခဲ.ကြသည်။ ထိုအချိန်က အတုမရှိ ဗုဒ္ဓမြတ်စွာ ကိုပုံတူထုလုပ်ပြီး မတူပါက လွန်စွာ အပြစ်ကြီးသည်ဟု ယူဆခဲ.ကြသည် ဆို၏။ ဗုဒ္ဓမြတ်စွာ၏ (၃၂)ပါးသော လက္ခဏာ ၊ (၈၀) ပါးသောလက္ခဏာငယ်များ စသည့် ရုပ်ပိုင်းဆိုင်ရာ များတွင် အမှားမယွင်းဖြစ်မှာ စိုးရိမ်ခဲ.ကြသည်။ သို.ဖြစ်စေကာမူ ယွန်းလူမျိုးတို.သည် သုတ်ပါဌေယျပါဠိတော် လာ (၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်များနှင်. ကိုက်ညီသော ရုပ်ပွားတော်များကို စတင်ထုလုပ်ကိုးကွယ်ခဲ.ကြပါသည်။၎င်းနောက် (၄) ရာစုမှ (၇) ရာစု အတွင်း အိန္ဒိယ၌ဘုန်းတန်ခိုးကြီးမားခဲ.သော ဂုံပတာမင်းများ လက်ထက်တွင် ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များ ၊ဆေးရေးပန်းချီများ ဖြင်. ပူဇော်ခဲ.ကြသည်။ မြန်မာနိုင်ငံတွင် (၁၁) ရာစု ၌ အနော်ရထာမင်းတရား လက်ထက်တွင် ရုပ်ပွားတော်များပူဇော်မှု စတင်ခဲ.သည်ဟု သိရသည်။ ဗုဒ္ဓရုပ်တုပုံပါသော ပုဂံခေတ် အုတ်ခွက်များတွင် ဓ ယေ ဓမ္မာ ဟေတုပ္ပဟ၀ါ ဓ ဂါထာတော် နှင့် ဓ ဧ၀ံဝါဒီ မဟာအနုရုဒ္ဓဒေ၀ ဓ ( မြတ်သောအနော်ရထာမင်းကြီးသည် ဤသို.အယူရှိပေသည် ) ဟူသောစာသားအရ ပုဂံခေတ် တွင် ရုပ်ပွားတော်များပူဇော်မှု စတင်ခဲ.ကြောင်း ထင်ရှားသည် ဆို၏။ အနေကဇာတင် ဟူသောစကားနှင်. ဆင်းတုတော်ကိုးကွယ်မှု အဖြေ ဖြစ်ပါတယ်။ အနေကဇာတင် ပြီးတဲ. ဆင်းတုကို ကိုးကွယ်လို့ ကုသိုလ်ရ ၊ မရ ။ ဒီမေးခွန်းမှာ လဲ ကြည်ညိုသဒ္ဓါသာ အဓိကဖြစ်တယ် ပြောရပါမယ်။ ၀ိမာန ပါဠိတော်၌ --- တိဌန္တေ နိဗ္ဗူတေ စာပိ ၊ သမေစိတ္တံ သမံဖလံ၊ စေတောပဏီဓိ ဟေတူပိ ၊ သတ္တာ ဂစ္ဆာန္တိ သုဂတိ .......... ဟု ဟောတော်မူခဲ.သည်။ တိဌန္တေ - သက်တော်ထက်ရှားရှိစဉ်၌ ၄င်း ၊ နိဗ္ဗူတေ စာပိ - ပရိနိဗ္ဗာန်စံလွန်ပြီးနောက် ၌ ၄င်း ၊ စိတ္တံ - ကြည်ညိုသောစိတ်သည် သမေ - သက်၇ှိထင်ရှားဘုရားနှင်. တူမျှသည်ရှိသော် ဖလံ - အကျိုးကျေးဇူးသည် (ဘုရားရှင်စစ်ကို ပူဇော်ရသကဲ.သို.) သမံ - တူမျှ၏ ။ ဟေတူပိ (ဟေသစ္စံ)- မှန်၏ စေတောပဏီဓိ - စိတ်ထားကောင်းခြင်းကြောင့် သတ္တာ - သတ္တ၀ါတို.သည် သုဂတိ - ကောင်းရာအလားသို. ဂစ္ဆာန္တိ - ရောက်ကြကုန်၏ ။ ............... ဒါဆို ဘုရားဟောမို. ရှင်းနေပါပြီ။ ဆင်းတုတော်ကို မိမိအိမ် (၀ါ) အခန်းတွင် ဘယ်လိုနေရာချ ကိုးကွယ်သင်.လဲ ။ ဆင်းတုတော် (၀ါ) ဘုရားစင်ကို မိမိအိမ်ဦးခန်းတွင် ထားသင်.ပါသည်။ မိမိအိမ်အတွင်းလှေခါးအောက် နေရာ ၊ နိမ့်သောနေရာ ၊ မြေညီ နေရာများတွင် မထားရပါ ။ မိမိအိပ်ရာနှင်. တန်းတူမထားရပါ ။ သီးခြားစင်မြင်.ဖြင်. မထားနိုင်ပါက မိမိအိပ်ရာ၊နေရာနှင်. ဘုရားစင် ကြားတွင် ကန်.လန်.ကာ (၀ါ) လိုက်ကာဖြင်.ကာထားရမည်။ မိမိအာရုံပြု ပူဇော်လိုသောအခါမှသာ ကန်.လန်.ကာဖွင်.၍ ပူဇော်ရမည်။ ဘုရားစင်ရှေ.တွင် အဂါရ၀ဖြစ်အောင်(ဆဲဆိုခြင်း ၊ ဒူးထောင် ပေါင်ကားထိုင်ခြင်း ...စသော အပြုအမူများ...) ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်မည် ။သတိပြု၍ ဆင်ခြင်ကြရပေမည်။ ထုလုပ်ရမည်. ဆင်းတုတော်၏ ပုံသဏ္ဍာန် ။ ဒီ ထုလုပ်ရမည်. ဆင်းတုတော်၏ ပုံသဏ္ဍာန် ကတော. (၉)မျိုးရှိတယ်လို. ဆိုပါတယ်။ ( ၁ ) ဗောဓိညောင်ပင်အောက် ထိုင်နေတော်မူပုံ ၊ ( ၂ ) ဓမ္မစကြာတရားဦးဟောနေတော်မူပုံ (ဓမ္မစကြာမုဒြာ) ( ၃ ) အနိမိသ၌ ရပ်တော်မူနေပုံ ( ဗျာဒိတ်ပေးနေပုံ ) ( ၄ ) လက်ယာနံစောင်း လျောင်းနေတော်မူပုံ ၊ ( ၅ ) မာရ်နတ်၏ အန္တ့ရာယ်ကို ဖြေရှင်းစဉ် မြေကြီးကို ကိုင်၍သက်သေပြုနေပုံ ..(ဘူမိဖဿမုဒြာ) ( ၆ ) ပရိနိဗ္ဗာန်စံတော်မူပုံ ၊ ( ၇ ) အာဠာရ၊ဥဒက တို. အရှုံးကြီးရှုံးလေစွ ဟု ဂရုဏာသက်ကာ ရင်ခွင်တွင် လက်တော်တင်ထားပုံ ( မဟာဂရုဏာမုဒြာ ) (ရတနာစင်္ကြန်၌ စင်္ကြန်လျှောက်တော်မူပုံ (၉)ညီတော် အာနန္ဒာအား လက်သန်းဖြင်. မြေမှုန်.များကို ကောက်ယူပြတော်မူပုံ လျောင်းတော်မူပုံတော် အခေါ်အဝေါ်များ ။ ။ (၁) အရှေ.အရပ်သို. ဦးခေါင်းတော် တည်နေလျှင် ..... ရွှေသာလျောင်း (၂) တောင် ။ ။ ...... သျှင်ပင်ပေါင်းလဲ (၃)အနောက် ။ ။ ....... ဥပါဒိသေသ နိဗ္ဗာန်စံတော်မူနေပုံ (၄)မြောက် ။ ။ ....... အနုပါဒိသေသ နိဗ္ဗာန်စံတော်မူနေပုံ။ ဒီမှာ သတိထားရမှာက ဆင်ခံဘုရား ၊ မြင်းခံဘုရား ၊ကြာခံဘုရား ၊ နဂါးရုံဘုရား ၊ ဒက္ခိဏဿခါ ၊ဆုတောင်းပြည်.ဘုရား စတာတွေက နောက်ပိုင်း ပန်းပုဆရာတွေ ထွင်လာတဲ. ပုံတော်တွေဖြစ်ပါတယ် ။ ဗုဒ္ဓ၀င်မှာလဲ မပါတဲ. ဆင် (၃) ကောင် ၊ (၅)ကောင် စတာတွေအပေါ် ဘုရားရှင် ထိုင်နေတဲ. ပုံတော်တွေကိုတော. မဖြစ်သင်.ပါဘူး ။ ဆင် ၊ မြင်း ဆိုတာ ဘုရားလောင်းဘ၀မှာ သာ စီးနင်းခဲ.တာပါ ။ ဘုရားဖြစ်ပြီးနောက် (၉)၀ါမြောက် ကောသမ္ဗီမှာ ၀ါကပ်စဉ် ဃောသိတာရုံ ကျောင်း ၌ သီတင်းသုံးတော်မူစဉ် ၀ိနည်းဆောင် နဲ. သုတ္တန်ဆောင် ရဟန်း (၂)ပါး မှ စသော ပြဿနာကို တားဆီးဆုံးမ၍ မရသောကြောင်. ပါလိလေယျတော၌ ပလဲဆင်ကြီး၏ အလုပ်အကျွေးပြုခြင်းကို ခံယူသည် ဆိုစဉ်ကပင် ဆင်စီးသည်ဟု မရှိခဲ.ပါ။ သတိထားတားဆီးစရာပါ။
ဘုရားကိုးဆူ။ ။
ဘုရားကိုးဆူရဲ့ အစလို့ ပြောရမယ့် ဖြစ်စဉ်တစ်ခုကိုတော့ ဗုဒ္ဓ၀င်ဇာတ်တော်တွေမှာ တွေ့ရပါတယ်။ ဇာတ်တော်ရဲ့ အမည်တော့ မေ့နေပြီဗျာ။ပြန်လဲ မရှာချင်တော့ဘူးဖြစ်စဉ်ကိုတော့ သိပါတယ်။ ဒါကိုပဲရေးပေးတော့မယ်နော်၊ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကာလမှာပါပဲ........မြို့ထဲက ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဏ်ဏားလင်မယားနှစ်ယောက် အသက်ကြီးမှ ကလေးရကြတယ်။ကလေးကိုချီပြီး သူတို့ကိုးကွယ်တဲ့ ဈန်ရရသေ့ကြီးကို သွားကန်တော့ကြတယ်။ မိဘတွေကန်တော့တဲ့အခါ ရသေ့ကြီးက သုခိဒီကာယုကော ဟောတု ။ ချမ်းချမ်းသာသာအသက်ရှည်ပါစေ လို့ ဆုပေးတယ်။ကလေးကို မိဘတွေက ကန်တော့တဲ့ ပုံစံဖြစ်အောင်လုပ်ပေးပြီး ရသေ့ကို ကန်တော့ခိုင်းတဲ့ အခါ ရသေ့ကြီးက ကလေးကို ချမ်းသာပါစေပဲ ဆုပေးတယ် ။အသက်ရှည်ဖို့ မပါတော့ဘူး။ဒီမှာ မိဘတွေက ဘာလို့ဒီနေ့မှ မွေးတဲ့ ကလေးအတွက် အသက်ရှည်ဖို့ ဆုမပေးလဲ ဆိုတော့ ရသေ့ကြီးက ဒီကလေးဟာ (၇)ရက်မြောက်မှာ သေနိုင်တယ်။အသက်အန္တ ရယ်ရှိတယ်လို့ ပြောတယ်။ မိဘတွေက ဒါဆို အကာအကွယ်ပရိတ်လုပ်ပေးဖို့ ပြောတော့ ရသေ့က ဒါသူမလုပ်တတ်ဘူး။ ဇေတ၀န်ကျောင်းတော်က ဘုရားရှင်ဆီ သွားတောင်းပါလို့ ပြောတယ် ။ ဘုရားရှင်ကို ကန်တော့ကြတော့လည်း ဘုရားရှင်က ကလေးကို အသက်ရှည်ဖို့ ဆုမပေးဘူး။ ဒီမှာ မေးကြတော့ ဘုရားရှင်က ဒီကလေးကို (၇) ရက်မြောက်နေ့မှာ ဘီလူးစားမယ် လို့ ပြောတယ်။ ပရိတ်တောင်းကြပြန်တယ်။ ဘုရားရှင်ကလည်း လုပ်ပေးမယ်လို့ ပြောလိုက်ပြီးတော့ ....... ။ မင်းတို့ အိမ်ပြန် ၊ အိမ်ရှေ့မှာ မဏ္ဍာပ်ထိုး ၊ ရာဇမတ်ကာ ၊ တံခွန်ကုက္ကားတွေ စိုက် ၊သဲဖြ့်သန့်ခင်းထားဖို့ မှာတယ် ၊ နေရာကို သံဃာ (၉)ပါးစာ လုံလောက်အောင် လုပ်ထားဖို့မှာတယ် ။ ပြီးတော့ မြတ်စွာဘုရားက သံဃာ (၈ )ပါးဆီကို ပရိတ်ရွ တ်ခိုင်းတယ်။ ကလေးကို သံဃာတွေရဲ့ အလယ်မှာ ထားတယ်။ (၇) ရက်ဆိုတော့ (၁) ရက်ကို (၈ ) ပါးနှုန်းနဲ့ အသံမစဲရွတ်ကြတယ်။ (၇) ရက်မြောက် ဘီလူးစားမယ့်နေ့မှာတော့ ဘုရားရှင်တော်တိုင် နဲ့ သံဃာ (၈ ) ပါးကို ဘုရားရှင်ကိုယ်တော်တိုင် ရွေးချယ်သွားတယ်။ နေရာယူပုံကတော့ - (၁) ဘုရားရှင် ( အလယ်ဗဟို ) (၂) အရှင်သာရိပုတ္တရာ ( တောင်ဘက်) (၃) အရှင်အာနန္ဒာ ( အနောက်) (၄) အရှင်မဟာ မောဂ္ဂလာန် (မြောက်ဘက်) (၅) အရှင်ကောဏ္ဍ ည( အရှေ့ဘက်) (၆) ဂ၀ံပတိ ( အနောက်မြောက် ဘက်) (၇) အရှင် ဥပါလိ(အနောက်တောင် ဘက်) (၈ ) ခဒိရ ရေ၀တ(အရှေ့တောင် ဘက် ) (၉) ရာဟုလာ ( အရှေ့မြောက် ဘက် ) တို့မှာ ရွတ်ဆိုကြပါတ ယ်။ဘုရားရှင်ကိုယ်တော်တိုင် ကြွလာတော့ သိကြားမင်း ၊ နတ်စစ်သူကြီး (၃၇) ပါးစသည် တရားနာလိုတာကြောင့်ရော ၊ မြတ်စွာဘုရားကို ကာကွယ်ဖို့ရော တန်ခိုးကြီးနတ်တွေရောက်လာတော့ ဘီလူးလေးက ကလေးကို မစားရတော့ဘဲ ကလေးအသက်ချမ်းသာသွားပါတယ်။ ( ဒီဘီလူးကလည်း ဒီကလေးကို မွေးပြီး (၇) ရက်မြောက်နေ့ရဲ့ သန်းခေါင်ယံမှသာ စားခွင့်ရမှာဖြစ်ပါတယ်။ သူဟာ ၀သ၀ံ နတ်မင်းကြီးရဲပ အလုပ်အကြွေး ဖြစ်ပြီးကောင်းစွာ လုပ်ကျွေးမှုကြောင့် နတ်မင်းကြီးက လိုတဲပ ဆုတောင်းစေရာ ဒီကလေးကို စားချင်တယ် ဆိုတာ ဆုတောင်းပါတယ်။ နတ်မင်းကြီးလည်း သူ့ကတိအတိုင်း စားခွင့်ပေးပါတယ်။ ဒါပေမယ့် မွေးမွေးချင်းမစားရဘူး။(၇) ရက်မြောက်နေ့ရဲ့ သန်းခေါင်မှာသာ စားရမယ်။ စောပြီးလည်း မစားရဘူး။ သန်ခေါင်ကျောင်ပြီးးမှလည်း မစားရဘူးလို့ စည်းကမ်းထုတ်ထားပါတယ်။ ဒါကို ဘုရားရှင်ကသိနေလို့ သန်းခေါင်မှာ လာစောင့်ပြီး ကိုယ်တော်တိုင် ပရိတ် ရွတ်ထာ ဖြစ်ပါတယ်။) ဒီကလေးကို ဒီဃာယု သတို့သားလို့ ခေါ်ကြပါတယ်။အသက် (၁၂၀) ရှည်ခဲ့တယ် ။ သန်းခေါင်ကျော်မှာ ဘုရားရှင်က တရားဟောပါသေးတယ်။ ဘုရားရှင်က ပရိတ်ကြောင့် သူ့ တန်ခိုးကြောင့် အသက်ရှည်တယ်လို့ ဒီ တရားပွဲမှာ မဟောပါဘူး။ ပူဇော်ထိုက်သူတွေကို ပူဇော် ကန်တော့ ရခြင်းကြောင့် သာဒီကလေး အသက်ရှည်ရတယ်လို့ ဟောပါတယ်။ ဒီ(၇)ရက်မြောက်မှာ ပရိတ်ရွတ်ကြတဲ့ ဘုရားရှင်နဲ့ ရဟန္တာ(၈ )ပါးကို အန္တ့ရာယ်ကင်းရန်ပူဇော်ခြင်းမှ ဘုရားကိုးဆူပူဇော်ပွဲ စတယ်လို့ ဆိုကြပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment